Back to Blog

February 28, 2026

Streetwear in Myanmar: A Growing Market for Retailers and Wholesale Buyers

မြန်မာနိုင်ငံရှိ Streetwear ဈေးကွက်တိုးတက်လာမှု - လက်လီနှင့် လက်ကားဝယ်ယူသူများအတွက် အခွင့်အလမ်းကောင်းများ

Streetwear in Myanmar: A Growing Market for Retailers and Wholesale Buyers

Streetwear in Myanmar – From Trend to Everyday Fashion

Streetwear in Myanmar has transformed from a niche youth trend into a mainstream fashion movement. In cities like Yangon, Mandalay, and Naypyidaw, young consumers are increasingly choosing oversized silhouettes, cargo pants, graphic T-shirts, and sneakers as daily wear.

Yangon remains the leading hub for streetwear wholesale and distribution. Most retailers across Myanmar source their street fashion collections from Yangon-based wholesalers due to better pricing, wider selection, and faster stock rotation.

Why Streetwear Is Growing Rapidly in Yangon and Across Myanmar

Several factors are driving the rise of men’s street fashion in Myanmar: • Influence of Korean and Thai fashion trends • Social media exposure through TikTok and Facebook • Increased demand for comfortable daily wear • Growing youth population with modern fashion awareness

Retailers who adapt quickly to these trends are seeing stronger customer engagement and repeat sales.

High-Demand Streetwear Categories in Myanmar’s Wholesale Market Current best-selling streetwear categories include: • Oversized graphic T-shirts • Cargo and utility pants • Baggy denim jeans • Hoodies and sweatshirts • Varsity and bomber jackets • Street-style sneakers • Crossbody and utility bags For retailers in Mandalay, Taunggyi, Mawlamyine, and other cities, sourcing trendy collections from Yangon wholesale markets ensures competitive pricing and access to fast-moving styles.

What Retailers Should Look for in a Streetwear Wholesale Supplier in Yangon

If you operate a men’s clothing shop in Myanmar, selecting the right streetwear supplier like Aye Yeik Zone is essential for long-term growth. Key factors to consider:

1. Competitive Bulk Pricing Healthy margins are critical in wholesale fashion.

2. Low Minimum Order Quantity (MOQ) Flexible MOQs allow retailers to test new streetwear styles with lower risk.

3. Trend-Focused Inventory Updates Streetwear trends change quickly. Regular new arrivals are important.

4. Quality and Size Consistency Maintaining product quality builds long-term customer trust.

Yangon – The Center of Streetwear Wholesale in Myanmar

Yangon acts as the main distribution point for imported garments from Thailand, China, and Vietnam. This enables wholesalers to: • Offer diverse designs • Maintain competitive pricing • Restock quickly • Distribute nationwide efficiently Retailers from across Myanmar rely on Yangon suppliers for stable inventory and fashion-forward collections.

The Future of Streetwear in Myanmar

The demand for streetwear in Myanmar continues to grow. As online shopping and social media marketing expand, street fashion will likely become even more influential.

Retailers who consistently refresh their inventory and follow global trends will remain competitive in the evolving market.

Ready to stock the latest streetwear in Myanmar? Visit www.ayeyeikzone.com to explore our newest collections, or connect with us at Yuzana Plaza, Yangon for competitive men’s clothing wholesale deals.

Visit Us: www.ayeyeikzone.com Location: Yuzana Plaza, 3rd Floor, Shop No. H27, H28, H29, G28, G29 (5 Shops Combined), Yangon, Myanmar Contact: +9595168565

မြန်မာဘာသာ

မြန်မာနိုင်ငံရှိ Streetwear ဖက်ရှင် - ခေတ်ရေစီးကြောင်းမှသည် နေ့စဉ်ဝတ်ဖက်ရှင်ဆီသို့

မြန်မာနိုင်ငံမှာ Streetwear ဖက်ရှင်ဟာ လူငယ်အုပ်စုလေးတစ်ခုကြားထဲမှာတင် ခေတ်စားခဲ့တဲ့ Trend တစ်ခုအဆင့်ကနေ အခုဆိုရင် လူအများစု လက်ခံဝတ်ဆင်လာကြတဲ့ အဓိကဖက်ရှင်ရေစီးကြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါပြီ။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေမှာ နေထိုင်ကြတဲ့ လူငယ်တွေဟာ အခုနောက်ပိုင်းမှာ ခန္ဓာကိုယ်ထက် အနည်းငယ်ပွတဲ့ (Oversized) ဒီဇိုင်းတွေ၊ Cargo ဘောင်းဘီတွေ၊ Graphic T-shirts တွေနဲ့ Sneakers တွေကို နေ့စဉ်ဝတ်ဖက်ရှင်အဖြစ် ပိုမိုရွေးချယ်လာကြတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ Streetwear လက်ကားဖြန့်ဖြူးရေးမှာ အဓိကအချက်အခြာနေရာအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ ဈေးနှုန်းချိုသာမှု၊ ဒီဇိုင်းစုံလင်မှုနဲ့ ပစ္စည်းအဝင်အထွက် မြန်ဆန်မှုတွေကြောင့် မြန်မာပြည်အနှံ့က လက်လီဆိုင်ရှင်တွေဟာ ရန်ကုန်အခြေစိုက် လက်ကားဒိုင်တွေကိုသာ အဓိကထား အားကိုးနေကြရပါတယ်။

မြန်မာနိုင်ငံမှာ Streetwear ဖက်ရှင် ဘာကြောင့် ဒီလောက်အရှိန်အဟုန်နဲ့ တိုးတက်လာရတာလဲ

မြန်မာနိုင်ငံမှာ အမျိုးသားဝတ် Streetwear ဖက်ရှင်တွေ အခုလို ရေပန်းစားလာရတဲ့ အချက် (၄) ချက်ရှိပါတယ်။ • ကိုရီးယားနှင့် ထိုင်းဖက်ရှင်များ၏ လွှမ်းမိုးမှု - K-pop ကြယ်ပွင့်တွေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ဖက်ရှင်ရေစီးကြောင်းတွေဟာ ပြည်တွင်းလူငယ်တွေအပေါ် များစွာလွှမ်းမိုးမှု ရှိပါတယ်။ • လူမှုကွန်ရက်များ၏ အကျိုးသက်ရောက်မှု - TikTok နဲ့ Facebook လိုမျိုး လူမှုကွန်ရက်တွေကတစ်ဆင့် ဖက်ရှင် Influencer တွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို နေ့စဉ်မြင်တွေ့လာရခြင်းကလည်း အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ • သက်သောင့်သက်သာရှိမှုကို ဦးစားပေးလာခြင်း - ဝတ်ထားရင် စမတ်ကျနေရုံတင်မကဘဲ နေ့စဉ်လှုပ်ရှားသွားလာရာမှာ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အထည်တွေကို ပိုမိုလိုလားလာကြပါတယ်။ • ခေတ်မီဖက်ရှင်အမြင်ရှိလာခြင်း - နောက်ဆုံးပေါ် နိုင်ငံတကာဖက်ရှင်ရေစီးကြောင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဝတ်ဆင်တတ်တဲ့ လူငယ်ဦးရေ ပိုမိုများပြားလာပါတယ်။

ဒီလိုခေတ်ရေစီးကြောင်းတွေကို မြန်မြန်ဆန်ဆန် လိုက်နိုင်တဲ့ လက်လီဆိုင်ရှင်တွေဟာ ဖောက်သည်အသစ်တွေ ပိုမိုရရှိလာသလို ရောင်းအားမှာလည်း ထူးထူးခြားခြား တိုးတက်လာတာကို တွေ့ရမှာပါ။

လက်ကားဈေးကွက်အတွင်း ဝယ်လိုအားအများဆုံး Streetwear အမျိုးအစားများ Current best-selling streetwear categories that every shop should stock include: လက်လီဆိုင်ပိုင်ရှင်တိုင်း မိမိတို့ဆိုင်မှာ မရှိမဖြစ် တင်ထားသင့်တဲ့ ရောင်းအားအကောင်းဆုံး Streetwear အမျိုးအစားတွေကတော့ - • Oversized graphic T-shirts (ဒီဇိုင်းပါ အင်္ကျီပွများ) • Cargo and utility pants (အိတ်ထောင်ပါ ဘောင်းဘီများ) • Baggy denim jeans (ဂျင်းဘောင်းဘီပွများ) • Hoodies and sweatshirts (ဟူဒီနှင့် ဆွပ်ရှပ်အင်္ကျီများ) • Varsity and bomber jackets (ဗာစီတီနှင့် ဘန်ဘာ ဂျာကင်များ) • Street-style sneakers (Street-style စနီကာများ) • Crossbody and utility bags (ဖက်ရှင်ဖိနပ်နှင့် အိတ်များ) မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နဲ့ တခြားမြို့တွေမှာရှိတဲ့ ဆိုင်ပိုင်ရှင်တွေအနေနဲ့ ရန်ကုန်လက်ကားဈေးကွက်ကနေ ဒီလို Trend ဖြစ်တဲ့ အထည်တွေကို မှာယူခြင်းအားဖြင့် ဈေးနှုန်းအသာစီးရနိုင်တဲ့အပြင် အရောင်းရသွက်တဲ့ ဒီဇိုင်းတွေကိုလည်း အမြဲရရှိနိုင်မှာ ဖြစ်ပါတယ်။

Streetwear လက်ကားဒိုင်ရွေးချယ်တဲ့အခါ ဆိုင်ပိုင်ရှင်များ သတိထားရမည့်အချက်များ

မြန်မာနိုင်ငံမှာ အမျိုးသားဝတ် အထည်ဆိုင်ဖွင့်လှစ်ထားသူတွေအနေနဲ့ Aye Yeik Zone လိုမျိုး ယုံကြည်စိတ်ချရတဲ့ လက်ကားဒိုင်ကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကတော့

1.လက်ကားဈေးနှုန်း မှန်ကန်မှု - လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ဖို့အတွက် အမြတ်အစွန်းကောင်းကောင်းကျန်မယ့် လက်ကားဈေးနှုန်း ဖြစ်ရပါမယ်။

2.အနည်းဆုံးယူရမည့် အရေအတွက် နည်းပါးမှု - ပစ္စည်းအမျိုးအစား အစုံအလင်ကို အနည်းငယ်စီ စမ်းသပ်ရောင်းချနိုင်ဖို့အတွက် MOQ နည်းပါးတာက ဆိုင်ရှင်တွေအတွက် အန္တရာယ်ကင်းစေပါတယ်။

3.ဒီဇိုင်းသစ်များ အမြဲဝင်ရောက်မှု - Streetwear က တစ်ပတ်နဲ့တစ်ပတ် Trend မတူတာကြောင့် ပစ္စည်းအသစ်တွေ အမြဲမပြတ် တင်သွင်းပေးနိုင်တဲ့ဒိုင် ဖြစ်ရပါမယ်။

4.အရည်အသွေးနှင့် ဆိုဒ်မှန်ကန်မှု - အထည်သားကောင်းမွန်ပြီး ဆိုဒ်တွေ အပြောင်းအလဲမရှိ မှန်ကန်မှသာ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကို ရရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ - မြန်မာနိုင်ငံ၏ Streetwear လက်ကားဖြန့်ချိရေး အချက်အခြာ

ရန်ကုန်မြို့သည် ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းသော အဝတ်အထည်များအတွက် အဓိကဖြန့်ချိရေး ဗဟိုချက်မအဖြစ် ခိုင်မာစွာ တည်ရှိနေပါသည်။ ထိုသို့ အချက်အခြာကျခြင်းကြောင့် လက်ကားဒိုင်များအနေဖြင့် အောက်ပါ အားသာချက်များကို ရရှိစေပါသည် -

• နောက်ဆုံးပေါ် ဒီဇိုင်းအမျိုးစုံကို စုံစုံလင်လင် ရောင်းချနိုင်ခြင်း

• ဈေးကွက်အတွင်း အပြိုင်အဆိုင်ဖြစ်စေမည့် အသက်သာဆုံး လက်ကားဈေးနှုန်းများ ရှိခြင်း

• ကုန်ပစ္စည်းအသစ်များကို အချိန်နှင့်တပြေးညီ အမြန်ဆုံး ဖြည့်တင်းနိုင်ခြင်း

•တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိရောက်မြန်ဆန်စွာ ဖြန့်ချိပေးနိုင်ခြင်း

မြန်မာနိုင်ငံတစ်ဝန်းရှိ လက်လီအရောင်းဆိုင်များသည် ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရန်နှင့် ခေတ်မီဆန်းသစ်သော ဖက်ရှင်ဒီဇိုင်းများကို ရရှိနိုင်ရန်အတွက် ရန်ကုန်ရှိ လက်ကားဒိုင်များကိုသာ အဓိက အားထားနေကြရပါသည်။

မြန်မာ့ Streetwear ဈေးကွက်၏ အနာဂတ်

မြန်မာနိုင်ငံတွင် Streetwear ဖက်ရှင်အပေါ် စိတ်ဝင်စားမှုနှင့် ဝယ်လိုအားမှာ တရိပ်ရိပ် မြင့်တက်နေပါသည်။ အွန်လိုင်းဈေးဝယ်ယူမှုနှင့် Social Media Marketing များ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ Street Fashion ၏ လွှမ်းမိုးမှုမှာလည်း ရှေ့ဆက်၍ ပိုမိုအားကောင်းလာမည် ဖြစ်သည်။

ပြောင်းလဲတိုးတက်နေသော ဈေးကွက်ထဲတွင် ကမ္ဘာ့ဖက်ရှင်ရေစီးကြောင်းအတိုင်း ပစ္စည်းအသစ်များကို အမြဲမပြတ် တင်သွင်းနိုင်သည့် လက်လီလုပ်ငန်းရှင်များသာလျှင် ဈေးကွက်အတွင်း အမြဲတမ်း အသာစီးရနေမည် ဖြစ်ပါသည်။

သင်ကော သင့်ဆိုင်အတွက် နောက်ဆုံးပေါ် Streetwear ဒီဇိုင်းတွေကို တင်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလား။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အမျိုးသားဝတ် အထည်လက်ကား ဝန်ဆောင်မှုတွေကို ရယူဖို့ www.ayeyeikzone.com မှာ လေ့လာနိုင်သလို ရန်ကုန်မြို့၊ ယုဇနပလာဇာ ရှိ ကျွန်တော်တို့ဆိုင်ကိုလည်း တိုက်ရိုက်လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Visit Us: www.ayeyeikzone.com Location: Yuzana Plaza, 3rd Floor, Shop No. H27, H28, H29, G28, G29 (5 Shops Combined), Yangon, Myanmar Contact: +9595168565

Views

24

WhatsAppTelegramFacebook